အဆီပြန်ခြင်းသက်သာအောင် ဘာတွေလုပ်ဖြစ်လဲ??
ကြည်လဲ့ကတော့ Skincareတွေ အများကြီးလည်း
မသုံးဖြစ်သေးပါဘူး
ကြည်လဲ့အသားအရေကိုလည်း လုံး၀ ဂရုမစိုက်တဲ့အထဲမှာ ပါခဲ့တာပေါ့နော်😞😞
အခု ကြည်လဲ့ အသက် 18ထဲ ၀င်ပြီးတဲ့ အခါကြမှ ကြည်လဲ့ မျက်နှာမှာရှိတဲ့ အဆီဖုတွေ ဆား၀က်ခြံတွေ ၀က်ခြံတွေ အမဲစက်တွေကို ပြန်လည်ပြီး ဂရုစိုက်ပြီး ရှင်းလင်းနေတာပါ👍👍
အရင်ဆုံး အဲ့ဆိုးရွားတဲ့ အထဲကမှ ကြည်လဲ့က အဆီပြန်ခြင်း အရင်ဆုံး သက်သာသွားတယ် သက်သာသွားတာမှ သိသိသာသာပဲနော်😍😍
အရင်ကဆို ကြည်လဲ့က အဆီပြန်တတ်တော့ creamတွေ လိမ်းချင်ရင်တောင် မတည့်ဘူးလေ 🙅🙅
အဆီပြန်တဲ့သူက cream typeနဲ့ မတည့်ဘူးနော်❌❌
ကြည်လဲ့ စမ်းကြည့်လိုက်သေးတယ် creamနဲ့ လုံး၀ အဆင်မပြေဘူး အဆီဖုတွေ ထွက်လာတယ်(အဆီပြန်တာ မသက်သေးခင်က)🕐🕐
အခုက ကြည်လဲ့ ဘာတွေနဲ့ ပျောက်သွားလည်းဆိုတော့ 💁💁
No.1 ✅ကြည်လဲ့ တစ်ပတ်ကို ၂ခါလောက် Collagen Maskကပ်ပေးတယ်
No.2 ✅မျက်နှာသစ်ထဲကမှ နို့ထွက်ပစ္စည်းမပါတဲ့ Oil control & Acne ဆိုတဲ့ Facial Foamတစ်မျိုး ကို ရွေးသုံးဖြစ်တယ်
အဲ့လိုသုံးတဲ့အခါ ၀က်ခြံ မပေါက်တဲ့သူက oil control ရိုးရိုးပဲသုံးလို့ရတယ်နော်👈👈
ကြည်လဲ့က ၀က်ခြံသမားမို့ Acneတွဲလျက်လေးပါ သုံးပေးတာပေါ့နော်✌️✌️
အဲ့လို မျက်နှာသစ်ဆေး ၃ဗူးကုန်တော့ ကြည်လဲ့တော်တော်လေး သက်သာသွားတယ်😱😱(တော်တော်ဆိုးတဲ့ Skin Problemတွေရှိလို့ ၃ဗူးလောက် ကုန်တာနော်)‼️‼️
ဘယ်လောက်ထိ သက်သာသွားလည်းဆိုရင် လိမ်းမရလို့ သိမ်းထားရတဲ့ night creamတောင် ပြန်လိမ်းလို့ ရသွားတယ်😍😍
No.3 ✅Tonerကောင်းကောင်းလေး သုံးပေးတယ်
#ဒီနည်းလေးတွေနဲ့ သက်သာသွားတာပါရှင့်🤗🤗
#KyiLai_Beauty_Blog 👈👈
Comments
Post a Comment